ကျွေးဟောင်းဆပ်ခွင့်ပြုပါ

လောကမှာနေထိုင်စရာအတွက် မြေရှူရှိုက်ဖို့အတွက် လေသောက်သုံးဖို့အတွက် ရေထက်သားသမီးတွေအတွက်အဖိုးမဖြတ်နိုင်သော အမေသာအရေးကြီးဆုံးပါ အမေ...ကြည်လင်ချိုအေးတဲ့ကျောက်စက်ကျစမ်းရေဟာမောပန်းရေဆာသူတွေအတွက်အဖိုးမဖြတ်နိုင်တာထက်သားသမီးတွေအတွက်ကတော့အမေ့ရဲ့အပြုံးတစ်ချက်ဟာဘာနဲ့မှ မလဲနိုင်အောင်အဖိုးမဖြတ်နိုင်ဆုံးပဲ အမေရေ...အမေ့စေတနာကိုဖက်မနမ်းမိကြာပါပြီရက်၊ လ၊ နှစ်တွေဆံပင်ဖြူတော့မယ့်အထိပေါ့အခုမှဦးနှောက်ကို ဆားခပ်ပြီးပြန်စဉ်းစားကြည့်မိတယ်ငါဟာ ပေးဆပ်ခြင်းကိုကျေပွန်အောင် မပြုလုပ်ရသေးပါလားအမေရယ်စိတ်ထဲမှာအကြိမ်ကြိမ်ခံစားအမေနဲ့အတူ ရှင်သန်ခွင့်တွေအမြဲရချင်တယ် အမေရယ်...သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ အမေ...

 
 

အေးရိပ်





သခင်...

အရိပ်လေးမှာ

ငြိမ်းအေးစွာနှင့်

နားပါလှည့်လား

ခရီးသွားဖော်

ပျော်သလောက်လေ...

 
သခင်...

ဒီအရိပ်က

ဂုဏ်ရွှေငွေ ဆိတ်သုန်း

အပြုံးဝေဆာ

အကြင်နာနှင့်

မေတ္တာတွေသာ ပေါများတယ်...

 
သခင်...

စိတ်ကစားလို့

အရိပ်မှားပြီး

မနားချင်လည်း သဘောပဲလေ

ရှိစေတော့ကံ ဝေးဖို့ဖန်မှ

ကျွန်မ ဖြေသိမ့်နေပါ့မယ်...


သခင်...

နားလိုက နား

သွားလိုက သွား

ပြန်လိုက ပြန်

သံယောဇဉ်ပြတ်ချင်ပြတ်

ကျွန်မကတော့...

လွမ်းတတ်တယ်ရှင်...